Knee Replacement (သတ္တုဖြင့် ပြုလုပ်ထားသော ဒူးဆစ်အတုအစားထိုးခြင်း) အကြောင်း

 

What is a knee replacement surgery?

 

Knee replacement ကို နောက်တစ်မျိုးအနေနဲ့ arthroplasty လို့ခေါ်ကြပါတယ်။ အရိုးအဆစ်များနာကျင်ရောင်ရမ်းခြင်းကြောင့် ပျက်စီးသွားသော ဒူးဆစ်နေရာတွင် သတ္တုနဲ့ ပလက်စတစ်ကို အသုံးပြုပြီး အစားထိုးခွဲစိတ်ကုသသောနည်းလမ်းဖြစ်ပါတယ်။ သတ္တုအနေနဲ့ ကတော့ alloys of cobalt-chromium and titanium ကိုအသုံးပြုပြီး plastics ကတော့ high grade ကိုအသုံးပြုလေ့ရှိကြပါတယ်။ Metal နဲ့ plastic အစိတ်အပိုင်းတွေကို ဒူးဆစ်နဲ့ဆက်နေတဲ့ အရိုး၂ခုရဲ့ အစွန်းတွေကို စွပ်ပြီး ဒူးဆစ်အတုအနေနဲ့ လုပ်ဆောင်ပေးခြင်းဖြင့် ဒူးဆစ်ပြန်လည်လှုပ်ရှားနိုင်စေပါတယ်။ ဒီလိုခွဲစိတ်မှုမျိုးကိုတော့ severe knee injury (ပြင်းပြင်းထန်ထန် ဒူးဆစ်ပျက်စီးသွားသူများ)မှာ များသောအားဖြင့် လုပ်လေ့ရှိကြပါတယ်။ အောက်ဖော်ပြပါပုံတွင်လည်းလေ့လာနိုင်ပါတယ်။

ဒူးဆစ်ကိုထိခိုက်စေတဲ့အကြောင်းအရင်းတွေကတော့

Osteoarthritis, a degenerative joint disease that affects mostly middle-aged and older adults, may cause the breakdown of joint cartilage and adjacent bone in the knees.

(အရိုးအဆစ်ရောင်ရောဂါ – အသက်အလတ်ပိုင်းနဲ့ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ အဆစ်များပျက်စီးယိုယွင်းလာသော အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး ဒူးဆစ်မှာရှိတဲ့ အရိုးနုတွေနဲ့ ဆက်စပ်နေတဲ့ အရိုးတွေကိုပါ ထိခိုက်စေပါတယ်)

Rheumatoid arthritis, which causes inflammation of the synovial membrane and results in excessive synovial fluid, can lead to pain and stiffness.

(သွေးလေးဖက်နာရောဂါ – synovial membrane ကိုရောင်ရမ်းစေပြီး နာကျင်မှုနဲ့ လှုပ်ရှားရတာခက်ခဲစေပါတယ်။ အဆစ်တွေ လှုပ်ရှားမှုပြုလုပ်တဲ့အခါ အဆစ်(၂)ခုဆုံတဲ့နေရာမှာ synovial fluid (အဆစ်၂ခုပွတ်တိုက်မှုမဖြစ်စေရန် ချောမွေ့စေတဲ့အရည်) ရှိနေမှသာ ကောင်းကောင်းလုပ်ရှားနိုင်တာဖြစ်ပါတယ်။)

Traumatic arthritis, arthritis due to injury, may cause damage to the cartilage of the knee.

(Accident တစ်ခုခုကြောင့်ဖြစ်စေ၊ ချော်လဲလို့ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် ဒူးဆစ်ရဲ့အရိုးနုကို ထိခိုက်စေနိုင်ပါတယ်)

Knee replacement (ဒူးဆစ်အတုအစားထိုးခြင်း) ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရောင်ရမ်းနေသော ဒူးဆစ်မျက်နှာပြင်ကို ပြန်လည်တည်ဆောက်ပေးခြင်းဖြင့် နာကျင်မှုကိုလျော့ချပေးရန်ဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ အခြားသော ကုထုံး၊ သောက်ဆေးများဖြင့် အဆင်မပြေမှသာ အသုံးပြုလေ့ရှိပါတယ်။

Knee (ဒူးခေါင်း) မှာ ပါဝင်တဲ့အစိတ်အပိုင်းတွေနဲ့ ဆက်စပ်နေတဲ့ အရိုးတွေကတော့

  • Tibia (larger bone of the lower leg – ခြေသလုံးရိုး)
  • Femur (thighbone or upper leg bone – ပေါင်ရိုး)
  • Patella (kneecap – ဒူးအစွပ်)
  • Cartilage (အရိုးနု)
  • Synovial membrane (အဆစ်၂ခုကြားမှာ synovial fluid (အဆစ်၂ခုပွတ်တိုက်မှုမဖြစ်စေရန် ချောမွေ့စေတဲ့အရည်) ကို ထုတ်ပေးနိုင်တဲ့ joint capsule ကို ဖုံးအုပ်ပေးထားသော tissue အလွှာ)
  • Ligament (အရိုးအချင်းချင်းတွယ်ဆက်ပေးသော အရွတ်)
  • Tendon (ကြွက်သားနဲ့ အရိုးကို တွယ်ဆက်ပေးသော တစ်သျှူး)
  • Meniscus (ဒူးဆစ်မှာရှိတဲ့ ကွေးနေသော အရိုးနု)

Knee replacement surgery ဘယ်အချိန်မှာ လုပ်သင့်တာလဲ ? ? ?

ဒူးဆစ်မှာ နာကျင်နေပြီး မလှုပ်ရှားနိုင်တဲ့အခြေအနေမှာ စဉ်းစားသင့်တာပါ။ Osteoarthritis (အရိုးအဆစ်များနာကျင်ရောင်ရမ်းခြင်း) ကြောင့် ကောင်းကောင်းမလှုပ်ရှားနိုင်ခြင်း၊ နာကျင်ခြင်းဖြစ်စေပါတယ်။ severe degenerative joint disease (အဆစ်များပျက်စီးယိုယွင်းခြင်း)ကို ခံစားရပြီး ဒူးဆစ်ကို ထိုခိုက်သွားပါက အရမ်းနာကျင်မှုကြောင့် ပုံမှန်လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်းတို့ကိုပင် မလုပ်နိုင်တော့ပါ။ ထိုအချိန်တွင် ဒူးဆစ်မှာဖောင်းပြီးရောင်နေခြင်း (သို့) အဆစ်များပျက်စီးနေပါလိမ့်မယ်။

အခြားသော အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်းနှင့် သွေးလေးဖက်နာရောဂါကြောင့် ဒူးဆစ်ထိခိုက်ခြင်း၊ အရိုးနုများ၊ အရွတ်များစုတ်ပြဲပြီး ဒူးဆစ်လုံးဝပြန်မကောင်းတော့နိုင်တဲ့ အခြေအနေတွေမှာ လုပ်သင့်ပါတယ်။

အောက်ပါဆေးဝါးများ၊ကုထုံးများနှင့် လူနာမသက်သာနိုင်သောအခြေအနေဖြစ်ပါက Knee replacement surgery ကို အသုံးပြုပါတယ်။

  • Anti-inflammatory medications (ရောင်ရမ်းခြင်းကို လျော့ချပေးသောဆေးဝါးများ)
  • Glucosamine and chondroitin sulfate (အရိုးအဆစ်အားဖြည့်ဆေး)
  • Pain medications (နာကျင်မှုကိုလျော့ချပေးသောဆေးများ)
  • Limiting painful activities (နာကျင်စေသောလှုပ်ရှားမှုများကို ရှောင်ကြဉ်စေခြင်း)
  • Assistive devices for walking (အကူကိရိယာများဖြင့် လမ်းလျောက်စေခြင်း)
  • Physical therapy (လေ့ကျင့်ခန်းကုထုံး)
  • Cortisone injections into the knee joint (ဒူးဆစ်ထဲသို့ cortisone ထိုးခြင်း)
  • Viscosupplementation injections (အဆစ်ထဲသို့ ချောမွေ့စေသောအရည်ထိုးထည့်ခြင်း)
  • Weight loss (for obese persons) (အဝလွန်လူနာများအတွက် ကိုယ်အလေးချိန်လျော့စေခြင်း)

Knee replacement surgery လုပ်ခြင်းဖြင့်

  • Improved mobility (ပြန်လည်ရွေ့လျားသွားလာနိုင်ခြင်း)
  • Improved quality of life because everyday activities and exercise are easier (နေ့စဉ်လုပ်ငန်းဆောင်တာများ၊ လေ့ကျင့်ခန်းများပြန်လုပ်နိုင်ခြင်း)
  • Freedom from pain (နာကျင်မှုများမှ သက်သာစေခြင်း)

Risks of the procedure (ခွဲစိတ်ကုသခြင်းရဲ့ နောက်ဆက်တွဲ risk များ)

  • Bleeding (သွေးယိုစီးခြင်း)
  • Infection (ရောဂါပိုးဝင်ရောက်နိုင်ခြင်း)
  • Loosening or wearing out of the prosthesis (အဆစ်အတုထည့်ထားခြင်းကြောင့် အခန့်မသင့်ပါက လျော့ရဲခြင်း၊ ပြုတ်ထွက်ခြင်းများဖြစ်တတ်ခြင်း)