Home Nursing Care Service

 

WeCare Health Care Services Co.,Ltd မှ ပြည်တွင်း၊ပြည်ပ အတွေ့အကြုံရှိ သူနာပြု ဆရာ၊ဆရာမများ ဦးဆောင်၍ ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် သူနာပြု ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

  • အဘိုး၊အဘွား သက်ကြီးရွယ်အိုများနှင့် နာမကျန်း လူနာများအား ပြုစုစောင့်ရှောက်ပေးရန်အတွက် အရည်အသွေးပြည့် သူနာပြုစုမှုပေးနိုင်သော သူနာပြု နှင့် သူနာပြုအကူ ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။
  • မွေးကင်းစ ကလေးငယ်များနှင့် တစ်နှစ်အောက် ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးရန်အတွက် ကျွမ်းကျင်၍ အတွေ့အကြုံပြည့်ဝသော သူနာပြု နှင့် သူနာပြုအကူ များကိုလည်း ရရှိနိုင်ပါသည်။

ဆေးရုံ၊ဆေးခန်းများသို့ သွားရောက်ရန် ခက်ခဲသော လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သော လူနာများအတွက် WeCare Health Care Services မှ အိမ်တိုင်ရာရောက်

  • အနာမျိုးစုံဆေးထည့်ပေခြင်း
    ( Wound Care Dressing )
  • နှာခေါင်းအစာပိုက် လဲလှယ်ထည့်ပေးခြင်း
    ( Insertion of Ryle’s Tube )
  • ဆီးပိုက် လဲလှယ်ထည့်ပေးခြင်း
    ( Urinary Catheterization )
  • ဝမ်းခြူပေးခြင်း
    ( Providing Enema with Can )
  • ဆရာဝန်ညွှန်ကြားထားသော အသားဆေး၊ အကြောဆေးများအား သွင်းပေးခြင်း
    ( Providing Prescribed Medication such as Injection (IM, IV, SC))

စသည့် ဝန်ဆောင်မှုများကို ဆေးရုံ၊ဆေးခန်းများသို့ သွားစရာမလိုပဲ ကျွမ်းကျင်သော သူနာပြု ဆရာ၊ဆရာမများမှ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။