Proton Therapy (ပရိုတွန် ဓာတ်ရောင်ခြည်ကုထုံး) အကြောင်း


Proton therapy ဆိုတာ ကင်ဆာရောဂါ ကုသတဲ့နေရာမှာ သုံးသော radiation (ဓာတ်ရောင်ခြည်ကုထုံး) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Proton beam therapy လို့လည်းခေါ်ပါတယ်။

Proton ဆိုတာ positively charged particle (အပေါင်းလက္ခဏာဆောင်သော အမှုန်လေးတွေ) ဖြစ်ပြီး high energy (မြင့်မားသောစွမ်းအင်) ရရှိချိန်တွင် proton သည် ကင်ဆာဆဲလ်များကို ဖျက်စီးနိုင်သည်။ ကင်ဆာရောဂါကုသတဲ့အခါ proton therapy တစ်မျိုးတည်း အသုံးပြုနိုင်သလို အခြားသော radiation therapy (ဓာတ်ရောင်ခြည်ကုထုံး), surgery (ခွဲစိတ်ကုသခြင်း), chemotherapy (ကင်ဆာ ဆေးသွင်းခြင်း), နှင့် immunotherapy (ခုခံအားစနစ်ဖြင့် ကင်ဆာဆဲလ်များတိုက်ထုတ်စေခြင်း) နည်းတွေနဲ့လည်း တွဲဖက်ပြီး ကုသလေ့ရှိပါတယ်။

Proton therapy ဆိုတာ external-beam radiation therapy (ဓာတ်ရောင်ခြည်ကုထုံးနည်းပညာ) ဖြစ်ပြီး ထို proton radiation စက်မှ ထွက်လာသော ဓာတ်ရောင်ခြည်များသည် အရေပြားဆဲလ်များကို ထိုးဖောက်ပြီး ကင်ဆာဆဲလ်ဆီသို့ ရောက်ရှိစေသည်။

Proton therapy က ဘယ်လိုအလုပ်လုပ်တာလဲ ?

Synchrotron or Cyclotron လို့ခေါ်သော စက်မှ proton (ပရိုတွန်) များကို speed up (အရှိန်မြှင့်တင်ပေးခြင်း) လုပ်ပေးသည်။ proton ရဲ့ အမြန်နှုန်းသည် စွမ်းအင်ပမာဏကို သတ်မှတ်ပေးသည်။ စွမ်းအင်မြင့်သော high energy proton များသည် စွမ်းအင်နိမ့်သော low energy protons များထက် ခန္ဓာကိုယ်အတွင်းသို့ ပိုမို နက်ရှိုင်းစွာထိုးဖောက်နိုင်သည်။

Proton များသည် ခန္ဓာကိုယ်အတွင်း targeted place (ကင်ဆာဆဲလ်များ) ဆီသို့ တိုက်ရိုက်သွားနိုင်သည်။ ထို့နောက် ကင်ဆာဆဲလ်များ နေရာတွင် ဓာတ်ရောင်ခြည်များကို စုပုံစေသည်။

Proton therapy နည်းအားဖြင့် radiation (ဓာတ်ရောင်ခြည်) သည် tumor (ကင်ဆာဆဲလ်/ကင်ဆာအကျိတ်များ)ကိုသာ ရောက်စေပြီး အခြားသော ဓာတ်ရောင်ခြည်ကုထုံးစက်များနဲ့ မတူတဲ့ အားသာချက်ကတော့ ခန္ဓာကိုယ်အတွင်း ထိုကင်ဆာဆဲလ် ဘေးပတ်ဝန်းကျင်ရှိ ကောင်းသောဆဲလ်များ၊ တစ်သျှူးစများကို မထိခိုက်စေပါ။

What to expect

Proton therapy ကို ဆေးရုံတွင် ညအိပ်ရန်မလိုဘဲ ပြင်ပလူနာအနေဖြင့် ကုသမှုခံယူနိုင်သည်။

ကုသမှုကြာချိန်ကတော့ ကင်ဆာရောဂါအမျိုးအစားနှင့် ရောဂါအဆင့်ပေါ်တွင်မူတည်သည်။ Stereotactic Body Radiation Therapy လို့ခေါ်သော Proton therapy တွင် လူနာသည် ၁ကြိမ်မှ ၅ ကြိမ်အထိ ကုသမှုခံယူရလေ့ရှိသည်။ Radiosurgery လို့ခေါ်သော proton therapy တွင် လူနာသည် large radiation dose (မြင့်မားသောရောင်ခြည်ပမာဏ) ကုသမှုကို တစ်ကြိမ်ခံယူရသည်။

Treatment planning

အခြားသော external-beam radiation therapy (ဓာတ်ရောင်ခြည်ကုထုံးနည်းပညာများ) ကဲ့သို့ proton ကုထုံးကို ခံယူမည်ဆိုပါက

  • ကုသမှုမခံယူမီ CT (Computed Tomography) or MRI (Magnetic Resonance Imaging) နဲ့ scan ဖတ်ဖို့ လိုအပ်ပါတယ်။
  • ထို့နောက် Immobilization device ကို အသုံးပြုပြီး ဓာတ်ရောင်ခြည်ပေးမှာဖြစ်ပါတယ်။

Immobilization devices

Immobilization devices ဆိုတာ ဓာတ်ရောင်ခြည်ကုထုံးပေးနေစဉ် လူနာကို လုပ်ရှားမှုမရှိအောင် ထိန်းထားပေးသော စက်များဖြစ်သည်။ စက်အမျိုးအစားကတော့ ကင်ဆာ အဖုအကျိတ်ရဲ့ နေရာပေါ်မူတည်သည်။ မျက်လုံး (သို့) ဦးနှောက် (သို့) ဦးခေါင်းတွင်ရှိသော ကင်ဆာအဖုအကျိတ်ကို ကုသလိုပါက custom-made mask တပ်ထားရန်လိုအပ်သည်။ ထိုစက်ကို အသုံးပြုခြင်းဖြင့် ကုသမှုတွင် ဓာတ်ရောင်ခြည်သည် လိုချင်သော နေရာသို့ တိတိကျကျရောက်ရှိစေသည်။

Time needed for each treatment (ကုသမှုကြာချိန်)

ပုံမှန်အားဖြင့် Proton therapy ကုသမှုသည် ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် ကြာနိုင်သည်။ သို့သော် ကြာချိန်သည် အောက်ပါအချက်များပေါ် မူတည်သည်။

  • The part(s) of the body receiving treatment
  • The number of treatment segments
  • The number of X-Rays or CT scans done during the positioning process

Side effects (ဘေးထွက်ဆိုးကျိုးများ)

Proton therapy ကုထုံးသည် နာကျင်မှုမရှိပါ။ ကုသမှုခံယူပြီးနောက် ပင်ပန်းနွမ်းနယ်ခြင်းနှင့် အရေပြားတွင် နီခြင်း၊ ယားခြင်း၊ ရောင်ရမ်းခြင်း၊ ဖောင်းခြင်း၊ အသားအရည်ခြောက်ခြင်းနှင့် အရေပြားအဖတ်များကွာခြင်းတို့ဖြစ်နိုင်သည်။

ဘေးထွက်ဆိုးကျိုးတွေက အောက်ပါအချက်များပေါ်တွင် မူတည်သည်။

  • The part of the body being treated (ကုသတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း)
  • The size of the tumor (ကင်ဆာအဖုအကျိတ်ရဲ့ အရွယ်အစား)
  • The types of healthy tissue next to the tumor (tumor ဘေးပတ်ဝန်းကျင်ရှိ ကောင်းသော တစ်သျှူးစများအခြေအနေ)
  • Whether you receive chemotherapy at the same time (chemotherapy နဲ့ တစ်ချိန်တည်းသွင်းခြင်း)

Cancers treated with proton therapy (Proton therapy နှင့် ကုသနိုင်သော ကင်ဆာရောဂါများ)

Proton therapy ဓာတ်ရောင်ခြည်ကုထုံး ကို အောက်ပါအခြေအနေများတွင် အသုံးပြုနိုင်သည်။

  • Tumors that are near important parts of the body. For example, tumors near the eye, brain, and spinal cord.
  • (ခန္ဓာကိုယ်တွင် အရေးကြီးအစိတ်အပိုင်းများနှင့်နီးသော ကင်ဆာအဖုအကျိတ်များ) ဥပမာအားဖြင့် မျက်လုံး၊ ဦးနှောက်နှင့် spinal cord
  • Childhood cancers of the eye, brain, and spinal cord. Proton therapy lessens the chance of harming healthy, developing tissue.
  •  (Proton therapy သည် ကင်ဆာဆဲလ်ဘေးမှ ကောင်းသောဆဲလ်များကို ထိခိုက်စေခြင်းမရှိသောကြောင့် ကလေးများတွင် မျက်လုံး၊ ဦးနှောက်နှင့် spinal cord တွင် ကင်ဆာဖြစ်ပါက အသုံးပြုနိုင်ခြင်း)
  • Central nervous system cancers, including chordoma, chondrosarcoma, and malignant meningioma
  • (ဗဟိုအာရုံကြောစနစ်တွင် ဖြစ်သော ကင်ဆာရောဂါများ)
  • Eye cancer, including uveal melanoma or choroidal melanoma
  • (မျက်လုံးတွင်ဖြစ်သော ကင်ဆာအဖုအကျိတ်များ)
  • Head and neck cancers, including nasal cavity and paranasal sinus cancer and some nasopharyngeal cancers
  • (ဦးခေါင်းနှင့် လည်ပင်းကင်ဆာများ)
  • Lung cancer (အဆုတ်ကင်ဆာ)
  • Liver cancer (အသည်းကင်ဆာ)
  • Prostate cancer (ဆီးကျိတ်ကင်ဆာ)
  • Spinal and pelvic sarcomas, which are cancers in the soft-tissue and bone (ကျောရိုးဆစ်နှင့် တင်ပဆုံတွင်ဖြစ်သော sarcoma)
  • Noncancerous brain tumors (ကင်ဆာမဟုတ်သော ဦးနှောက်အဖုအကျိတ်များ)