Joint Replacement

Arthroscopy ဆိုတာ နာတာရှည်အရိုးအဆစ်များယောင်ယမ်းခြင်းကြောင့်ဖြစ်စေ၊

ထိခိုက်မှုကြေင့်ဖြစ်စေ ပျက်စီးသွားသော Joints အတွင်းသို့ သေးငယ်သောအပေါက်လေးမှတဆင့်

cameraပါသောမှန်ပြောင်းထည့်၍ ရောဂါရှာဖွေကုသခြင်းပဲဖြစ်ပါတယ်။

Arthroscopy နည်းပညာကို ပုခုံးဆစ်၊ တံတောင်ဆစ်၊ ဒူးဆစ်၊ လက်ကောက်ဝတ်နှင့်

ခြေချင်းဝတ်များတွင်ဖြစ်တတ်သော အရိုး၊ အဆစ်၊ အရွတ်ပျက်စီးမှုပြဿနာများတွင်

အသုံးပြုနိုင်ပါတယ်။

အဆစ်ကိုထိခိုက်စေတဲ့အကြောင်းအရင်းတွေကတော့

(အရိုးအဆစ်ရောင်ရောဂါ – အသက်အလတ်ပိုင်းနဲ့ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ အဆစ်များပျက်စီးယိုယွင်းလာသော အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး ဒူးဆစ်မှာရှိတဲ့ အရိုးနုတွေနဲ့ ဆက်စပ်နေတဲ့ အရိုးတွေကိုပါ ထိခိုက်စေပါတယ်)

(သွေးလေးဖက်နာရောဂါ – synovial membrane ကိုရောင်ရမ်းစေပြီး နာကျင်မှုနဲ့ လှုပ်ရှားရတာခက်ခဲစေပါတယ်။ အဆစ်တွေ လှုပ်ရှားမှုပြုလုပ်တဲ့အခါ အဆစ်(၂)ခုဆုံတဲ့နေရာမှာ synovial fluid (အဆစ်၂ခုပွတ်တိုက်မှုမဖြစ်စေရန် ချောမွေ့စေတဲ့အရည်) ရှိနေမှသာ ကောင်းကောင်းလုပ်ရှားနိုင်တာဖြစ်ပါတယ်။)

(Accident တစ်ခုခုကြောင့်ဖြစ်စေ၊ ချော်လဲလို့ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် အဆစ်များရှိအရိုးနုကို ထိခိုက်စေနိုင်ပါတယ်)

Arthroscopy နည်းပညာသုံးခွဲစိတ်ကုသမှုကြာချိန် မှာ ၁ - ၂ နာရီခန့်သာကြာမြင့်ပြီး

ပြင်ပလူနာအဖြစ်သာကုသမှုခံယူနိုင်ခြင်း
တစ်သျှူးများထိခိုက်ပျက်စီးထိခိုက်မှုနည်းခြင်း
 နာကျင်မှု မရှိသလောက်နည်းပါးခြင်း
မြန်မြန်အနာကျက်ခြင်း
ခွဲစိတ်မှု၏နောက်ဆက်တွဲပြဿနာများနည်းပါးခြင်းတို့ကြောင့် အရိုးအဆစ်ရောဂါများ  ကုသရာတွင်အသုံးပြုလာကြခြင်းဖြစ်ပါတယ်။

 

Knee replacement (ဒူးဆစ်အတုအစားထိုးခြင်း) ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရောင်ရမ်းနေသော ဒူးဆစ်မျက်နှာပြင်ကို ပြန်လည်တည်ဆောက်ပေးခြင်းဖြင့် နာကျင်မှုကိုလျော့ချပေးရန်ဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ အခြားသော ကုထုံး၊ သောက်ဆေးများဖြင့် အဆင်မပြေမှသာ အသုံးပြုလေ့ရှိပါတယ်။

Knee replacement surgery လုပ်ခြင်းဖြင့်
-Improved mobility (ပြန်လည်ရွေ့လျားသွားလာနိုင်ခြင်း)
-Improved quality of life because everyday activities and exercise are easier (နေ့စဉ်လုပ်ငန်းဆောင်တာများ၊ လေ့ကျင့်ခန်းများပြန်လုပ်နိုင်ခြင်း)
-Freedom from pain (နာကျင်မှုများမှ သက်သာစေခြင်း)

အရိုးအဆစ်အစားထိုးကုသခြင်းတွင်
-နာကျင်မှုအနည်းဆုံးနည်းဖြင့် ဒူးဆစ်တခုလုံးအစားထိုးကုသခြင်း (Minimally invasive total
knee replacement)
-ဒူးဆစ်တစိတ်တပိုင်းသာ အစားထိုးကုသခြင်း (Unicondylar knee replacement surgery-bone
preserving surgery)
-ပေါင်ရိုး/တင်ပါးဆုံရိုး အစားထိုးကုသခြင်း (Total hip replacement)
-ဒူးဆစ်ရိုး၊ ပေါင်ရိုး/တင်ပါးဆုံရိုးအစားထိုးမှုများအား ပြန်လည်ပြုပြင်ကုသခြင်း (Revision
knee and hip replacement surgery)
-ပခုံးဆစ်တခုလုံးအစားထိုးကုသခြင်း (Total shoulder replacement)
-တံတောင်ဆစ်ရိုးအစားထိုးကုသခြင်း (Total elbow replacement)
-လက်ဆစ်လေးများအစားထိုးကုသခြင်း (Finger joint replacement surgery) တို့ကို ဆောင်ရွက်နိုင်ပါသည်။