Subang Jaya Medical Centre in Malaysia
SJMC သည် မလေးရှားနိုင်ငံ၏ ယုံကြည်ရဆုံးသောတစ်ခုအဖြစ် နာမည်ကြီးကျော်ကြားသော အထင်ကရဆေးရုံဖြစ်ပါတယ်။ SJMC ဆေးရုံကြီးဟာ ဆေးရုံကုတင်ပေါင်း 443 ခု၊ ပြင်ပလူနာဌာန 150ကျော်၊အထူးကုဆရာဝန်ပေါင်း 260ကျော်နှင့် ဝန်ထမ်းပေါင်း 1600 ကျော်ဖြင့် နိုင်ငံပေါင်း 20ကျော်မှ ပြည်တွင်းပြည်ပ လူနာများအတွက် အကောင်းဆုံးဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။ SJMC ဆေးရုံကြီးဟာ ဝန်ကြီးချုပ်ကပေးအပ်တဲ့ Prime Minister’s Quality Awardကို 2ကြိမ်တိုင်တိုင်ရရှိခဲ့သည့်အပြင် ပြည်တွင်းပြည်ပနိုင်ငံတကာ Awards ပေါင်း 20 ကျော်၊ JCI, ISO အသိအမှတ်ပြု ဘက်စုံ ထိပ်တန်းဆေးရုံကြီးဖြစ်ပါတယ်။
နှလုံးခွဲစိတ်မှုများ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ အရိုးရောဂါများ၊ပင်မဆဲလ်နှင့် ကလေးအသည်းအစားထိုးမှု၊ ရိုးတွင်းခြင်ဆီ အစားထိုးခြင်းနှင့် ဦးနှောက်အာရုံကြောခွဲစိတ်မှုများတွင်သာမက SJMC ဆေးရုံကြီးသည် ကင်ဆာရောဂါရှာဖွေခြင်း၊ ကုသခြင်း နှင့် ဓာတ်ရောင်ခြည်ကင်ဆာရောဂါဆိုင်ရာရောဂါ များအတွက် နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာနည်းပညာများတွင် ရှေ့ဆောင်လမ်းပြဆေးရုံကြီး အဖြစ် လူသိများပါတယ်။