Neuroscience
အိန္ဒိယနိုင်ငံ အပိုလိုဆေးရုံကြီးမှာတော့ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် တစ်နှစ်လျှင် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ခွဲစိတ် ကုသမှုပေါင်း ၁၀၀၀ ကျော်ကို ပြုလုပ်လျက်ရှိပါတယ်။
– လေဖြတ်ခြင်း
– လှုပ်ရှားမှုဆိုင်ရာပြဿနာများ
– ကျောရိုးဆိုင်ရာပြဿနာများ
– ဦးနှောက်သွေးကြောဖောင်းခြင်း
– ကျောရိုးဆစ်ကျွံခြင်း
– ဦးနှောက်နှင့် ကျောရိုးဆိုင်ရာအကျိတ်များ
– ဦးခေါင်းခွံအတွင်းရေစုခြင်း
– ဦးနှောက်သွေးကြောဆိုင်ရာပြဿနာများ
အစရှိတဲ့ ရောဂါများကို သက်ဆိုင်ရာ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများ ၊ ခွဲစိတ်ဆရာဝန်ကြီးများက ခေတ်မှီစက်ပစ္စည်း နည်းပညာများဖြင့် လူနာတစ်ဦးချင်းစီအတွက်အကောင်းဆုံး ကုသမှုပေးလျက်ရှိပါသည်။
Brain Tumor
ကမ္ဘာလုံးဆိုင်ရာသုတေသနများအရ ဦးနှောက်အကျိတ်တည်ခြင်း (Brain Tumor) ဟာ တနေ့လျှင် Case ပေါင်း ၅၀၀ကျော်ခန့် အသစ်တွေ့ရှိနေပါတယ်။ ဦးနှောက်ကင်ဆာကျိတ် (Brain Tumor)ဆိုတာ ဦးနှောက်ဆဲလ်လေးတွေ ပုံမှန်မဟုတ်ပွားများလာပြီး အကျိတ်အခဲအလုံးဖြစ်လာခြင်းကိုခေါ်ပါတယ်။ ဦးနှောက်ကင်ဆာကျိတ် အကျိတ်ဖြစ်တဲ့နေရာ၊ ကြီးထွားနှုန်းပေါ်မူတည်ပြီး ဦးနှောက်နဲ့အာရုံကြောရဲ့ လုပ်ငန်းဆောင်တာကိုထိခိုက်နိုင်ပါတယ်။ Brain Tumor ကို အသက်အရွယ်ကြီးသူများတွင်သာ များသောအားဖြင့်အတွေ့များသော်လည်း ယခုနောက်ပိုင်းမှာတော့ မည်သည့်အသက်အရွယ်တွင်မဆို တွေ့လာရပါတယ်။ လူနာအများစုမှာ Brain Tumor ဟာဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အကြောင်းအရင်းကိုတော့ ယခုအချိန်အထိ အတိအကျ မသိရသေးပေ။ သို့သော် ဦးနှောက်ကင်ဆာကျိတ် ဖြစ်စေနိုင်တဲ့အကြောင်းအရင်းအချို့မှာ ဓာတ်ရောင်ခြည်ထိဖူးခြင်း၊ မိသားစုမျိုးရိုးရှိခြင်းတို့ပဲဖြစ်ပါတယ်။
ဦးနှောက်အကျိတ် အမျိုးအစားပေါင်း ၁၂၀ ကျော်ခန့်ရှိနိုင်ပါတယ်။ အမျိုးအစားပေါင်းများစွာရှိပေမယ့် အချို့အကျိတ်မှာ ရိုးရိုးအကျိတ်ဖြစ်ပြီး အချို့အကျိတ်မှာ ကင်ဆာကျိတ်ဖြစ်သည်။
ဦးနှောက်ကင်ဆာကျိတ်ကိုမှ
(၁) မူလဦးနှောက်အတွင်းဖြစ်သောကင်ဆာကျိတ် (Primary) နှင့်
(၂) အခြားကင်ဆာရောဂါမှ ရောဂါအဆင့်မြင့်ပြီး ဦးနှောက်သို့ ပျံ့နှံခြင်း (metastasis) ဟု ခြုံပြော၍ရနိုင်ပါတယ်။
ဦးနှောက်ကင်ဆာကျိတ်တွင် မူလဦးနှောက်အတွင်းဖြစ်သောကင်ဆာကျိတ်ထပ် အခြားကင်ဆာရောဂါမှ ရောဂါအဆင့်မြင့်ပြီး ဦးနှောက်သို့ ပျံ့နှံ့လာသောဦးနှောက်ကင်ဆာကျိတ်ဟာ ပို၍အဖြစ်များသည်။
Primary brain tumor မူလဦးနှောက်အတွင်းဖြစ်သောကင်ဆာကျိတ်ရောဂါများထဲမှ အဖြစ်များသော ရောဂါတွေကတော့
✔Astrocytoma
Primary brain tumor ထဲမှာ အဖြစ်အများဆုံးသော အကျိတ်ဖြစ်ပါတယ်။ များသောအားဖြင့် cerebrum ဦးနှောက်ရဲ့ အကြီးဆုံးသောအစိတ်အပိုင်းတွင် အဖြစ်များသည်။ ဦးနှောက်နှင့်အာရုံကြောမကြီးဆက်ထားသောနေရာ ဦးနှောက်နှောင်းပိုင်းတွင် အကျိတ်ပေါ်ပါက ကုသရခက်ခဲပါသည်။
✔Glioblastoma multiforme
ဦးနှောက်ရဲ့ အရှေ့ပိုင်းနှင့် ဘေးဘက်တွင် အဖြစ်များသည်။ ကြီးထွားမှုမြန်ပြီး ဆိုးသော ဦးနှောက်ကင်ဆာကျိတ်တစ်မျိုးဖြစ်ပါသည်။
✔Medulloblastoma
ကလေးတွေမှာအဖြစ်များသော ဦးနှောက်ကင်ဆာကျိတ်ဖြစ်ပါသည်။ ဓာတ်ရောင်ခြည်ပေးခြင်းနှင့် ကင်ဆာဆေးသွင်းခြင်းတို့ဖြင့် ကုသ၍ရနိုင်ပါသည်။
ကင်ဆာကျိတ်မဟုတ်သော ရိုးရိုးဦးနှောက်ကျိတ်များထဲမှာမှ အဖြစ်အများဆုံးအကျိတ်က Meningioma ဖြစ်ပါတယ်။ Meningioma ဆိုတာ ဦးနှောက်ကို အုပ်ထားသောအလွှာပါးလေးမှ စဖြစ်သော ဦးနှောက်ကျိတ်ဖြစ်သည်။
ဦးနှောက်အကျိတ်ရဲ့ရောဂါလက္ခဏာတွေဟာ ဦးနှောက်အတွင်းအကျိတ်ဖြစ်ပေါ်သော နေရာပေါ်မူတည်ပြီး တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားပါတယ်။ ယေဘုယျအားဖြင့်
-ခေါင်းကိုက်ခြင်း
-တက်ခြင်း
-အကျင့်စရိုက်ပြောင်းလဲလာခြင်း
-ခန္ဓာကိုယ် တည့်မတ်အောင်မထိန်းနိုင်ခြင်း
-အမြင်ဝေဝါးခြင်း၊ အကြားအာရုံလျော့နည်းလာခြင်း
-လေဖြတ်ခြင်း၊ လေဖြန်းခြင်း
-ပျို့အန်ခြင်း
-အချိန်၊နေရာ၊လူ သိနားလည်မှုမကောင်းတော့ခြင်း အစရှိသဖြင့် ရောဂါလက္ခဏာများဖြစ်နိုင်ပါတယ်။
ကုသခြင်းအနေဖြင့် ဦးနှောက်ကင်ဆာအကျိတ်ကို
-ခွဲစိတ်ခြင်း
-ဓာတ်ရောင်ခြည်ပေးခြင်း
-ကင်ဆာဆေးသွင်းခြင်း တို့ဖြင့်ကုသနိုင်ပါတယ်။
Scoliosis
ခါးကုန်းခြင်း သို့ ကျောရိုးဆစ်စောင်းခြင်း (Scoliosis)ဆိုတာ..🤔
လူ့ခန္ဓာကိုယ်ရဲ့ ကျောရိုးကို ကျောရိုးဆစ် 33 ခုဖြင့် ဖွဲ့စည်းထားပါတယ်။ ထို ကျောရိုးဆစ်လေးတွေက ကျောရိုးအတွင်းရှိ အာရုံကြောမကြီးကို ကာကွယ်ပေးထားပါတယ်။ ထို ကျောရိုးဆစ်လေးတွေ ကွေးနေခြင်း(သို့) စောင်းနေခြင်းကို Scoliosis ဟု ခေါ်ပါတယ်။
Scoliosis ကို ဆယ်ကျော်သက်အရွယ်မှ စတင်သိရှိကြတာများပါတယ်။ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ပြောင်းလဲမှုသိသာလာခြင်း၊ ဥပမာ – ပုခုံးတစ်ဖက်ကလျှောကျနေခြင်း၊ ခါးစောင်းနေခြင်း၊ ခါးကုန်းခြင်း၊ ရင်ဘတ်ဖောင်းနေခြင်းတို့အပြင် အချို့သောကလေးတွေမှာ ကျောအောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်း အစရှိသောလက္ခဏာများပြလေ့ရှိပါတယ်။
ဖြစ်ပွားမှုနှုန်းနှိုင်းယှဥ်လျှင် ယောက်ျားလေးနှင့်မိန်းကလေး အချိုးမျှဖြစ်ပွားမှုရှိသော်လည်း ရောဂါပိုဆိုးမှုမှာ မိန်းကလေးများက ပိုဆိုးလေ့ရှိပါတယ်။
ကျောရိုးဆစ်စောင်းခြင်းကို ကမ္ဘာ့လူဦးရေ ၂-၃ ရာခိုင်နှုန်းခန့်တွင်ဖြစ်ပွားလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ရောဂါဖြစ်ပွားသူရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဖြစ်ပွားရသောအကြောင်းရင်းကတော့ တိတိပပမရှိချေ။ အခြားဖြစ်ရသောအကြောင်းရင်းထဲမှာ မွေးရာပါရောဂါ၊ မျိုးရိုးလိုက်မှုကြောင့်ဖြစ်ပွားသောသူများရှိသလို မွေးတဲ့အချိန် သို့ မွေးပြီးသောအချိန်မှာအကြောင်းအရင်းတစ်ခုခုကြောင့် ခါးစောင်းသွားသောသူများလည်းရှိပါတယ်။ ဥပမာ- ကလေးဦးနှောက်ထိခိုက်ပြီးဦးနှောက်ဖွံ့ဖြိုးမှုပုံမမှန်ဖြစ်ခြင်း (cerebral palsy) ၊ ကျောရိုးမကြီးကို ထိခိုက်ဖူးခြင်း သို့ ရောဂါပိုးမွှားဝင်ဖူးခြင်း၊ ငယ်စဥ်က ရင်ဘတ်ခွဲစိတ်ဖူးသောကလေးတွေမှာလည်း scoliosis ဖြစ်ဖို့ရာခိုင်နှုန်းများရှိပါတယ်။
ကျောရိုးကောက်ကြောင်းဆိုးရွားမှုရာခိုင်နှုန်းအပေါ်မူတည်ပြီး တစ်ဦးနှင့်တစ်ဦးကုသမှုကွာခြားနိုင်ပါတယ်။
Scoliosis သိပ်မဆိုးရွားသောကလေးများအတွက် ပြဿနာထွေထွေထူးထူးမရှိသော်လည်း ဆရာဝန်နှင့်ပုံမှန်ရက်ချိန်းပြသရန်လိုအပ်ပါတယ်။ အလယ်အလတ်ဆိုးရွားသောကလေးနှင့် သိသိသာသာဆိုးရွားသော ကလေးများအတွက်မူ ခါးပတ်ပတ်ခြင်း (Braces) သို့ ကျောရိုးတည့်မတ်ခွဲစိတ်ကုသခြင်း (surgery) ဖြင့်ကုသ၍ရနိုင်ပါတယ်။ အထူးသဖြင့် အရိုးဖွံ့ဖြိုးဆဲကလေးတွေမှာ ခါးပတ်ပတ်ခြင်းဖြင့်ကုသနိုင်သည်။ အရိုးကြီးထွားမှုပြီးဆုံးသွားသောကလေးများမှာ အချိန်နှင့်အမျှ ခါးစောင်းခြင်း ပိုမိုဆိုးလာနိုင်သဖြင့် ထိုကလေးမျိုးတွင် ခွဲစိတ်ကုသမှရနိုင်ပါတယ်။
Scoliosis ဖြစ်နေသောကလေးများတွင် ပေါင်းသင်းဆက်ဆံရေးပိုင်းတွင်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ပုံပန်းသွင်ပြင်ကြောင့်ဖြစ်စေ စိတ်ထိခိုက်မှုများရှိနိုင်သောကြောင့် ဘေးမှ အားပေးကူညီမှုဟာ မဖြစ်မနေလိုအပ်ပါတယ်။ မိဘများအနေဖြင့်လည်း ကျောရိုးနှင့်ပတ်သက်သော စစ်ဆေးမှုများ ကလေးငယ်စဥ်ကတည်းက ပြုလုပ်ပေးသင့်ပါတယ်။ ကျောရိုးစောင်းခြင်းကိုတွေ့ခဲ့သည်ရှိသော် ဆရာဝန်နှင့်တကွ သေချာစွာတိုင်ပင်ပြီး ကုသမှုလိုအပ်ခြင်းရှိမရှိကို စောင့်ကြည့်ဂရုစိုက်သင့်ပါတယ်။