Vejthani Hospital

ထိုင်းနိုင်ငံရှိVejthani ဆေးရုံကြီးဟာ JCI အသိအမှတ်ပြု ပုဂ္ဂလိက ဆေးရုံတစ်ရုံကြီးတစ်ခုဖြစ်ပြီး 1994 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါတယ်။ထိုင်းနိုင်ငံရှိ ကမ္ဘာ့အဆင့်မှီ ထိပ်တန်းနိုင်ငံတကာဆေးရုံတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ နိုင်ငံပေါင်းစုံမှလူနာများ၏ အလုံးစုံသော ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။နှစ်စဉ် နိုင်ငံပေါင်း 100 ကျော်မှ နိုင်ငံတကာလူနာ 300,000 ကျော်ကို ကုတင် 500 နှင့် အထူးကုဆရာဝန်ကြီး များ 300 ကျော်ဖြင့်ကျန်းမာ​​ရေးဝန်​ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အရိုးအဆစ်အစားထိုးခွဲစိတ်မှု၊ မျက်နှာပြုပြင် ခွဲစိတ်မှု၊ အရိုးကုသမှု၊ ရိုးတွင်းခြင်ဆီ အစားထိုးမှု၊ ကျောက်ကပ် အစားထိုးမှု၊ သွားဘက်ဆိုင်ရာ၊ အရေပြားနှင့် လေဆာ ကုသမှု၊ ကျောရိုးခွဲစိတ်မှု၊ လက်၊ ပခုံးခွဲစိတ်ကုသခြင်း၊ အစာအိမ်အူလမ်းကြောင်း၊ မျိုးမပွားနိုင်ခြင်းကုသမှု ၊ ဆီးလမ်းကြောင်း၊ ဝမ်းဗိုက်ခွဲစိတ်မှု၊ အူမကြီးခွဲစိတ်မှု၊ သားဖွားမီးယပ်ဆိုင်ရာ​ရောဂါများကုသမှု များဟာ Vejthani ဆေးရုံကြီးတွင်ရရှိနိုင်​သောအရေးကြီးသော ထိပ်တန်းကုသမှု ဌာနများဖြစ်ပါတယ်။