သူနာပြုဆရာမများ ဦးစီးဖွင့်လှစ်တဲ့ WeCare Nursery Centre ( ရင်ခွင်ပိုက် ကလေးငယ် စောင့်ရှောက်ရေးစင်တာ၊ ၆လမှ ၃ နှစ်အထိ)


ဒီနေ့ခေတ်ကြီးမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ တန်းတူအလုပ်လုပ်နေကြပါပြီ။

ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ အမျိုးသမီးတွေ အပြင်ထွက်အလုပ်လုပ်ကြတဲ့အခါ သားသားမီးမီးလေးတွေကို အချိန်ပြည့် ပြုစုစောင့်ရှောက်ဖို့ အခက်အခဲရှိလာတာပေါ့နော်။

ကိုယ်အပြင်ထွက်တဲ့အချိန်မှာ စောင့်ရှောက်ပေးမယ့် အဘိုးအဘွား၊ ဆွေမျိုးတွေ မရှိတဲ့အခါ

ကိုယ့်သားသမီးကို Nurse နဲ့ နှစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချတဲ့အခါ မိဘတွေ စိတ်ညစ်ရတာပေါ့။

တချို့မိခင်တွေဆို ကိုယ့်ပညာတွေကို နှမြောရက်နဲ့ အလုပ်ထွက်လိုက်ရတာတွေတောင် ရှိတယ်နော်။

အခုဆိုရင် မိဘတွေအလုပ်လုပ်တဲ့အခါ ကလေးငယ်တွေကို စောင့်ရှောက်ပေးမယ့် Day Care Centre တွေ ပေါ်ထွက်လာပါပြီ။

  • Day Care Centre တွေကို အပ်နှံတော့မယ်ဆိုရင် သေသေချာချာလေ့လာစုံစမ်းပြီးမှ အပ်နှံသင့်တယ်နော်။
  • ကလေးငယ်အတွက် စိတ်ချရတဲ့ Day Care Centre ရွေးချယ်တဲ့အခါ ဘာတွေထည့်သွင်းစဉ်းစားသင့်သလဲ
  • ကလေးငယ်အတွက် Day Care Centre က ဘယ်လို Time Table နဲ့ သွားမလဲ ဆိုတာ စုံစမ်းသင့်ပါတယ်။
  • ကလေးငယ်တွေရဲ့Development အတွက် ဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတာ မေးမြန်းသင့်ပါတယ်။
  • ကလေးငယ်လေးကို စောင့်ရှောက်ဖို့အတွက် အဆင်ပြေခြင်း၊ ယုံကြည်စိတ်ချရမှု ရှိမရှိဆိုတာကိုလည်း ထည့်သွင်းစဉ်းစားထားရပါမယ်။ ဒါဟာ အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။
  • Day Care Centre မှာ ကလေးငယ်လေးတွေ ဘယ်နှယောက်အထိ လက်ခံထားမယ်ဆိုတာကိုလည်း စုံစမ်းထားရပါမယ်။
  • ကလေးအရေအတွက်နှင့် စောင့်ရှောက်ပေးမယ့်သူဦးရေ မျှတမှုရှိမရှိဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။
  • လူဦးရေအချိုးအစား မျှမျှတတရှိမှသာ ကလေးငယ်ရဲ့လိုအပ်ချက်တွေကို အလျင်အမြန်ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါသည်။
  • သန့်ရှင်းပြီး နွေးထွေးလုံခြုံမှုပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ရှိရဲ့လား

မွေးကင်းစမှ အသက်(3)နှစ်အရွယ်အထိ ကလေးငယ်လေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးအချိန်ဖြစ်သလို ပတ်ဝန်းကျင်မှလည်း စတင်သင်ယူနေတဲ့ အရွယ်လည်း ဖြစ်ပါတယ်။

စူးစမ်းလိုခြင်း၊ ချစ်ခြင်းမေတ္တာ၊ တုံ့ပြန်မှုနှင့် ဘာသာစကား အစရှိတဲ့အရာတွေကို ပတ်ဝန်းကျင်မှ သင်ယူလိုစိတ်တွေ စတင်ဖြစ်ပေါ်နေတဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့် ကလေးငယ်လေးတွေ အပ်နှံရမယ့် Day Care Centre ဟာ သန့်ရှင်းပြီး နွေးထွေးလုံခြုံမှုပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖြစ်ဖို့လိုပါတယ်။

ဒီလို အချက်အလက်တွေ အားလုံးပြည့်စုံတဲ့ နေရာတစ်ခုကတော့ WeCare Nursery Centre ( ရင်ခွင်ပိုက် ကလေးငယ် စောင့်ရှောက်ရေး စင်တာ) ပါပဲ။

WeCare Nursery Centre (ရင်ခွင်ပိုက် ကလေးငယ် စောင့်ရှောက်ရေးစင်တာ) မှာဆိုရင်

  • ကလေးသူငယ် ပြုစုစောင့်ရှောက်မှုနယ်ပယ်တွင် အတွေ့အကြုံရှိပြီး၊ ကလေးငယ်များ ဘက်စုံတိုးတက်မှုသင်တန်းကို ပြီးစီးအောင်မြင်ထားသော သူနာပြုဆရာမများနှင့် သူနာပြု အကူဆရာမများမှ ပြုစုစောင့်ရှောက်ပေးမှာ ဖြစ်ပါသည်။
  • အသက် (၆) လ မှ (၃) နှစ်အထိ သားသားမီးမီးတို့၏ အသက်အရွယ်အလိုက်ရှိရမည့် ဖွံဖြိုးတိုးတက်မှုများကို သားသားမီးမီးတို့၏ နေ့စဉ်လှုပ်ရှားသွားလာမှုများနှင့် ပူးတွဲ၍ WeCare Nursery Centre မှ ပြုစုပျိုးထောင်ပေးမည် ဖြစ်ပါသည်။
  • ဖေဖေမေမေတို့ အဆင်ပြေစေရန်အတွက် ကျောင်းချိန်ကို နံနက် ၈နာရီခွဲမှ ညနေ ၄နာရီခွဲထိ (တနင်္လာနေ့ မှ သောကြာနေ့ထိ) သတ်မှတ်ထားပါတယ်။ အချိန်ပိုထားချင်ပါကလည်း ကျောင်းချိန်ကို အဆင်ပြေအောင် ဆောင်ရွက်ပေးပါသည်။
  • နေတစ်ရက်ပါ ရုံးတက်ရလို့ ကလေးကို စနေနေ့ပါ အပ်ထားချင်တယ်ဆိုရင် ဖေဖေမေမေတို့ အဆင်ပြေအောင်လည်း စီစဉ်ပေးမှာ ဖြစ်ပါတယ်။
  • အချိန်ပြည့် CCTV များတပ်ဆင်ထားပြီး မိဘများမှ လာရောက်ကြည့်ရှုနိုင်အောင်လည်း စီစဉ်ထားပါတယ်။
  • အစားအသောက် အတွက်လည်း အဟာရဆရာဝန် ၏ လမ်းညွှန်ချက်အတိုင်း စီစဉ်ဆောင်ရွက်ပေးထားပါသည်။
  • ကလေးငယ်များအတွက် လုံခြုံစိတ်ချရသော ကျောင်းကား အကြိုအပို့ စီစဉ်ထားရှိပါသည်။
  • ရင်သွေးငယ်များ၏ ကျန်းမာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို ပုံမှန်စစ်ဆေးပေးပြီး လစဉ်မှတ်တမ်းများလည်း ထားရှိပေးမှာ ဖြစ်ပါတယ်။
  • ထိခိုက်ဒါဏ်ရာ မရနိုင်သော ကစားကွင်းများကိုသာ ပြင်ဆင်ထားပေးသောကြောင့် သားသား၊ မီးမီးများ လွတ်လပ်ပျော်ရွှင်စွာ ကစားရင်း သင်ယူနိုင်မှာဖြစ်ပါတယ်။
  • သားသားမီးမီးတို့ကို ရောဂါကူးစက်မှုများမရှိစေရန် သူနာပြုဆရာမများနှင့် သူနာပြုအကူဆရာမများသည် ဆေးစစ်ချက်များ အောင်မြင်ထားသူများဖြစ်ပါတယ်။

Nurture with Love, Grow with us.