Pacemaker replacement (in heart)


နှလုံးတွင် Pacemaker (SA node) ကဲ့သို့ နှလုံးခုန်နှုန်းစည်းချက်ညီအောင်လှုံ့ဆော်ပေးသော စက်ထည့်ခြင်း

Artificial pacemaker ဆိုတာ စက်ပစ္စည်းတစ်ခုဖြစ်ပြီး လျှပ်စစ်လှုံ့ဆော်မှုတွေကိုအသုံးပြုခြင်းဖြင့် နှလုံးကြွက်သားများကို ကျုံ့စေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် ပြန်ထိန်းပေးပါတယ်။

နှလုံးမှာ Pacemaker ရဲ့လုပ်ဆောင်ချက်ကတော့ နှလုံးခုန်နှုန်းကို စည်းချက်မှန်အောင်ထိန်းပေးခြင်းဖြစ်သည်။ ထို့ကြောင့် နှလုံးရဲ့ natural pacemaker မကောင်းတဲ့အခါမှာ နှလုံးခုန်နှုန်းစည်းချက်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။

Artificial pacemaker ဆိုတာ ???

ပုံမှန်နှလုံးခုန်နှုန်းရရှိစေရန် လုပ်ဆောင်ပေးသော ဘက်ထရီဖြင့်လည်ပတ်နေတဲ့ စက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အစိတ်အပိုင်း (၂)ခုဖြစ်တဲ့ Generator နဲ့ wires (leads) ပါဝင်ပါတယ်။

  • The generator is a small battery-powered unit.
  • (စက်ကို battery ဖြင့် လည်ပတ်နိုင်စေရန် တီထွင်ထားသည်)
  • It produces the electrical impulses that stimulate your heart to beat.
  • (ထိုစက်မှ လျှပ်စစ်လှုံ့ဆော်မှုများကို ထုတ်ပေးပြီး နှလုံးကို ခုန်စေရန် လှုံဆော်သည်)
  • The generator may be implanted under your skin through a small incision.
  • (နှလုံးနားတွင် အရေပြားကို သေးငယ်သောအပေါက်ဖောက်ပြီး generator ကို အရေပြားအောက်တွင် မြှုပ်ထားသည်)
  • The generator is connected to your heart through tiny wires that are implanted at the same time.
  • (generator စက်မှ နှလုံးဆီသို့ သေးငယ်သော wire ကြိုးများဖြင့် တစ်ချိန်တည်းမှာပင် ဆက်သွယ်ထားသည်)
  • The impulses flow through these leads to your heart and are timed to flow at regular intervals just as impulses from your heart’s natural pacemaker would.
  • (ထို wires (leads) တွေမှ တစ်ဆင့် လျှပ်စစ်လှုံ့ဆော်မှုများကို နှလုံးဆီသို့ စီးဆင်းသွားစေသည်။ ထိုသို့စီးဆင်းရာတွင် natural pacemaker (ခန္ဓာကိုယ်ထဲရှိ pacemaker) ၏လုပ်ဆောင်ချက်အတိုင်း နှလုံးခုန်နှုန်းစည်းချက်ညီစေရန် လျှပ်စစ်လှုံ့ဆော်မှုများကို ထိန်းချုပ်ထားနိုင်သည်)

Why do I need one ?

(ဘယ်အချိန်မှာ Pacemaker (SA node) ကဲ့သို့ နှလုံးခုန်နှုန်းစည်းချက်ညီအောင် လှုံ့ဆော်ပေးသော စက်ထည့်ဖို့ လိုအပ်လဲ) ?

အောက်ပါအခြေအနေတွေမှာ pacemaker အစားထိုး လုပ်ဆောင်ပေးရန် လျှပ်စစ် impulse တွေထုတ်ပေးတဲ့ စက်ထည့်ဖို့ လိုအပ်ပါတယ်။

  • Your heartbeat is too slow and often irregular (နှလုံးခုန်နှုန်းအရမ်းနှေးခြင်း၊ နှလုံးခုန်နှုန်းတစ်ခါတစ်ရံပုံမှန်မဟုတ်ခြင်း)
  • Your heartbeat is sometimes normal and sometimes too fast or too slow (နှလုံးခုန်နှုန်းသည် တစ်ခါတစ်ရံ ပုံမှန်ဖြစ်ပြီး တစ်ခါတစ်ရံ အလွန်မြန်ခြင်း (သို့) အလွန်နှေးခြင်း)

How does it work (စက်က ဘယ်လိုအလုပ်လုပ်တာလဲ) ?

It replaces the heart’s defective natural pacemaker functions.

ပုံမှန်မဟုတ်သော natural pacemaker (ခန္ဓာကိုယ်ထဲရှိ pacemaker) ၏ လုပ်ဆောင်ချက်များကို ပြန်လည်ထိန်းချုပ်ပေးသည်။

  • The sinoatrial (SA) node or sinus node is the heart’s natural pacemaker. It’s a small mass of specialized cells in the top of the right atrium (upper chamber of the heart). It produces the electrical impulses that cause your heart to beat.
  • (SA node or sinoatrial node ဆိုတာ ခန္ဓာကိုယ်တွင် နှလုံး၏ အဓိက pacemaker ဖြစ်သည်။ ညာဘက်သွေးဝင်ခန်း၏ အပေါ်နားတွင် ရှိပြီး လျှပ်စစ်လှုံ့ဆော်မှုများကို ထုတ်ပေးခြင်းဖြင့် နှလုံးကို ပုံမှန်အတိုင်း စည်းချက်ညီစွာခုန်စေသည်။)
  • A chamber of the heart contracts when an electrical impulse or signal moves across it. For the heart to beat properly, the signal must travel down a specific path to reach the ventricles (the heart’s lower chambers).
  • (ထိုလျှပ်စစ်လှုံ့ဆော်မှုများရရှိသည့်အခါ နှလုံးအခန်းမှာရှိတဲ့ ကြွက်သားများကျုံ့စေသည်။ နှလုံးစည်းချက်ညီစွာခုန်နိုင်ရန်အတွက် ထိုလှုံဆော်မှုများသည် သတ်မှတ်ထားသောလမ်းကြောင်းအတိုင်း နှလုံး၏ သွေးလွှတ်ခန်းဆီသို့ ဆက်လက်လှုံ့ဆော်ရမည်။)
  • When the heart’s natural pacemaker is defective, the heartbeat may be too fast, too slow or irregular.
  • (သို့သော် နှလုံး၏ အဓိက pacemaker ဖြစ်တဲ့ SA node မှထွက်လာသော electrical impulse (လှုံ့ဆော်မှု) များပုံမှန်မဟုတ်ပါက နှလုံးခုန်နှုန်းမြန်ခြင်း၊ နှေးခြင်း၊ ပုံမှန်မဟုတ်ခြင်းတို့ဖြစ်ပေါ်လာသည်။)
  • Rhythm problems also can occur because of a blockage of your heart’s electrical pathways.
  • (လျှပ်စစ်လှုံ့ဆော်မှုများစီးဆင်းရာလမ်းကြောင်းတွင် ပိတ်ဆို့မှုများရှိပါက နှလုံးခုန်နှုန်းစည်းချက်မညီခြင်းကို ဖြစ်စေသည်)

နှလုံးနားတွင် ထည့်သွင်းထားသော Pacemaker’s pulse generator စက်သည် နှလုံးခုန်နှုန်းစည်းချက်ညီစေရန် SA node ကဲ့သို့ လုပ်ဆောင်သည်။

  • The pacemaker’s pulse generator sends electrical impulses to the heart to help it pump properly. An electrode is placed next to the heart wall and small electrical charges travel through the wire to the heart.
  • (နှလုံးနားတွင် ထည့်သွင်းထားသော pacemaker’s pulse generator စက်မှ နှလုံးပုံမှန်အလုပ်လုပ်စေရန် လျှပ်စစ်လှုံ့ဆော်မှုများ ထုတ်လွှတ်ပေးသည်။ electrode သည် နှလုံးနံရံနားတွင် ရှိပြီး လျှပ်စစ် charges တွေကို နှလုံးဆီသို့ wire ကြိုးမှတစ်ဆင့် ထုတ်လွှတ်ပေးခြင်းဖြင့် နှလုံးကိုခုန်စေသည်)
  • Most pacemakers have a sensing mode that inhibits the pacemaker from sending impulses when the heartbeat is above a certain level. It allows the pacemaker to fire when the heartbeat is too slow. These are called demand pacemakers.
  • (pacemaker စက်အများစုမှာ အာရုံခံနိုင်သော sensor များပါရှိသောကြောင့် နှလုံးခုန်နှုန်းပုံမှန်ထက် မြင့်တက်သွားပါက ထုတ်လွှတ်နေသော လျှပ်စစ် impulse များကို ရပ်တန့်ထားနိုင်သည်။ ထို့နည်းတူ နှလုံးခုန်နှုန်းနှေးနေပါက လျှပ်စစ် impulse များကို ထုတ်လွှတ်ခြင်းဖြင့် နှလုံးခုန်နှုန်းကို ပုံမှန်သို့ရောက်အောင်လုပ်ပေးသည်။ နှလုံးခုန်နှုန်းကို လိုအပ်ချက်အတိုင်း ညှိနှိုင်းဆောင်ရွက် ပေးသောကြောင့် Demand pacemaker လို့လည်းခေါ်ကြသည်။