Baby Spa and Water Training


အသက် ၃ လကနေစပြီး ကလေးငယ် ကိုယ်ခန္ဓာရဲ့ အရိုးအဆစ်လေးတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဟာ တဖြည်းဖြည်း တိုးတက်စွာနဲ့ အလုပ်လုပ်လာကြ ဖွံ့ဖြိုးလာကြပါပြီ ။ ဒါကြောင့် ကလေးငယ်လေးတွေကို (ဆယ်မိနစ် – ဆယ့်ငါးမိနစ်ခန့်) ညင်ညင်သာသာနဲ့ ခပ်ဖွဖွလေး နှိပ်နယ်ပေးသင့်ပါတယ် ။

ကလေးငယ်လေးတွေကို နှိပ်နယ်ပေးခြင်းဟာ ကလေးငယ်များရဲ့ အရိုးဆစ်နုနုလေးတွေနဲ့ သွေးကြောလေးတွေကို ပိုမိုလှုံ့ဆော်ပေးသလို ဖြစ်စေလို့ သွေးလည်ပတ်မှုကောင်းစေပြီး လှဲအိပ်တာများတဲ့ ဘေဘီလေးတွေနဲ့ အထိုင်စသင်တော့မယ့် ကလေးငယ်တွေ ၊ မတ်တပ်စမ်းနေတဲ့ အရွယ်လေးတွေအတွက် များစွာ အထောက်အကူဖြစ်စေပါတယ် ။

နေ့စဉ်မပြုလုပ်ပေးနိုင်လျှင်တောင် တစ်ပတ်မှာ ၂ ကြိမ်လောက်လေး ပြုလုပ်ပေးနိုင်လျှင် အကျိုးကျေးဇူးများပြီး ဘေဘီလေးတွေလည်း အရမ်းကို ပျော်နေမှာပါနော် ။

ဘေဘီလေးတွေကို နှိပ်နယ်ပေးဖို့ သင့်တော်တဲ့အချိန်တွေကတော့ ရေချိုးပြီးခါစ  Body lotion (or) Baby Oil တစ်ခုခုလိမ်းပေးပြီး သာသာယာယာခပ်ဖွဖွလေး ထိတွေ့နှိပ်နယ်ပေးနိုင်ပါတယ် ။

နောက်အသင့်တော်ဆုံးတစ်ချိန်ကတော့ ညအိပ်ယာဝင်ခါနီးအချိန်ပါ ။ ဘေဘီလေးတွေကို သက်တောင့်သက်သာနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့  ညဖက်အိပ်ယာဝင်ချိန်မှာ ကလေးငယ်နဲ့အတူတူ ဆော့ကစားရင်း ညင်သာစွာ နှိပ်နယ်ပေးနိုင်ပါတယ် ။

သတိပြုရမှာကတော့ – ကလေးငယ်လေးတွေရဲ့ အသားအရည်နဲ့ အရိုးဆစ်လေးတွေဟာ အင်မတန်မှ နူးညံ့ပျော့ပျောင်းလွန်းနေသေးတာကြောင့် ခပ်ဖွဖွ ညင်ညင်သာသာနဲ့သာ ထိတွေ့ နှိပ်နယ်ပေးဖို့ပါဘဲ ။ လူကြီးတွေ နှိပ်သလို အားနည်းနည်းလေးမှ ထည့်လို့မရပါဘူး ။

ဒါဆိုရင် ဘယ်လိုနှိပ်ရမလဲဆိုရင်တော့ သင့်တော်တဲ့ ကလေး ဘော်ဒီလိုးရှင်း (သို့) ကိုယ်လိမ်းဆီ တစ်ခုခုကို အရင်လိမ်းပေးပြီး ဘယ်ဘက်ကနေ ညာဘက် သို့ – အပေါ်ကနေ အောက်ဘက်သို့ လက်ချောင်းထိပ်လေးများနဲ့ ညင်ညင်သာသာ ထိတွေ့ဆွဲချပေးရုံ ခပ်ဖွဖွ ဆုပ်ပြီးနှိပ်နယ်ပေးရမှာပါ ။ ဝမ်းဗိုက်လေးတဝိုက်ကို နှိပ်နယ်ပေးမယ်ဆိုရင် ဝမ်းမှန်စေပြီး အစာချေစနစ်ကိုပိုပြီး အထောက်အကူပြုစေပါတယ် ။

Youtube မှာလည်း ကလေးငယ်များကို နှိပ်နယ်ပေးတာနဲ့ ပက်သက်ပြီး How to… အစချီပြီး ကိုယ်သိချင်တာကို ရေးထည့်ပြီး ရှာဖွေကြည့်ရှုသင်ယူနိုင်ပါတယ် ။

ကိုယ်တိုင် ဘေဘီလေးတွေကို နှိပ်နယ်ပေးဘို့ အဆင်မပြေသူ မိဘများအတွက် ကျွန်မတို့ WeCare မှာ စင်္ကာပူနိုင်ငံ Baby SPA Certificate ရပြီးဖြစ်တဲ့ ကလေးပြုစုစောင့်ရှောက်မှုကျွမ်းကျင် သူနာပြုဆရာမများမှ အသက် (၁လ မှ – တနှစ်ခွဲ အရွယ်) ကလေးငယ်များအတွက် Water Training နဲ့ Oil Massage SPA နှစ်မျိုးစလုံးကို (တစ်သောင်းငါးထောင်ကျပ်) တည်းနဲ့ ဝန်ဆောင်မှုပေးနေပါပြီရှင် ။ ကြာချိန်ကတော့ (၁ ဆက်ရှင်) ကိုနာရီဝက်ကနေ လေးဆယ့်ငါးမိနစ်ခန့် ကြာမှာဖြစ်ပါတယ် ။

🏊‍♀ရေမကူးခင်မှာ ဘေဘီလေးတွေ ကို သွေးပူလေ့ကျင့်ခန်းလေး (၅) မိနစ်လောက် လုပ်ပေးပါတယ် ။

🏊‍♀သွေးပူလေ့ကျင့်ခန်းလေး လုပ်ပြီးတဲ့နောက် ရေအပူချိန် 36﮲C  ဝန်းကျင်ရှိတဲ့ ရေနွေးနွေးလေးရယ် .. ချစ်စရာဘောကွင်းလေးရယ်. အရုပ်လေးတွေနဲ့ ရေကူးကန်ထဲမှာ (၁၅ မိနစ် ကနေ နာရီဝက်အထိ) ဘေဘီလေးတွေ သက်သောင့်သက်သာ ရေကူးစေပါတယ် ။ ရေကန်ထဲကို မည်သည့်ဓာတုဆေးဝါးမှ ထည့်ထားခြင်းမရှိဘဲ 1 session ပြီးတိုင်း ရေအသစ် လဲလှယ်တာကြောင့် ဘေဘီလေးတွေရဲ့ အရေပြားသန့်ရှင်းကျန်းမာမှုအတွက် လုံးဝ စိတ်ချနိုင်ပါတယ်ရှင် ။ လျှော်ပြီး မီးပူတိုက်ပြီးသား တာဝါနဲ့ ရေကူးဒိုင်ပါလည်းပေးလို့ အိမ်ကနေ မယူလာလည်းရပါတယ်ရှင် ။

🏊‍♀ရေကူးပြီးရင်တော့ ဘေဘီလေးတွေ Smart ကျကျ ဇိမ်ခံရမည့်အချိန် ရောက်ပါပြီနော်။ ဘေဘီလေးတွေကို သွေးလည်ပတ်မှု ကောင်းစေဖို့ (၁၅ မိနစ်) ခန့် Baby Oil နဲ့ဆီလိမ်းနှိပ်နယ်ပေးပါတယ် ။ အားလုံးပြီးသွားရင်တော့ ဘေဘီမိုင်းလိုးရှင်း လူးပေးပါတယ်..

📌 မေမေတို့ ယူလာခဲ့ပေးရမှာက ဘေဘီလေးတွေ ရေကူးပြီးရင်ဝတ်ဖို့ အပိုအဝတ်အစား တစ်စုံ ၊ ဒိုင်ပါ တစ်ခု နဲ့ ရေကူး ၊ နှိပ်နယ် ပြီးသွားရင် သူတို့လေးတွေ ဗိုက်ဆာတတ်ကြလို့ အဆာပြေစားစရာ နို့ဘူး ၊ မုန့်တွေ ယူလာခဲ့ရမှာပါ ။

📌သတိပြုဖို့ကတော့ – ဘေဘီလေးတွေ ကာကွယ်ဆေးထိုးပြီး (၃ရက်ကနေ ၅ ရက်အတွင်း) မှာ SPA မလုပ်သင့်ပါဘူး ။ ဘေဘီလေးတွေ ဖျားနေတာ ၊ ချောင်းဆိုး နှာစေး နေစဉ်မှာတော့ BABY SPA ပြုဖို့ မသင့်တော်သေးပါဘူး ။

💗💗” မေမေတို့ရဲ့ ဘေဘီလေးတွေ ပျော်အောင် BABY SPA လိုက်ပို့ပေးတော့မယ်ဆိုရင်တော့ Booking လေး ကြိုလုပ်ပေးဖို့ အကြံပြုပါရစေရှင် .. “💗💗