Mitral Valve Replacement

 

(ဘယ်ဘက်သွေးဝင်ခန်းနှင့် ဘယ်ဘက်သွေးလွှတ်ခန်းကို ပိုင်းခြားပေးထားသော နှလုံးအဆို့ရှင်အစားထိုးခြင်း)

နှလုံးမှုာ valve (အဆို့ရှင်) (၄) ခုရှိတဲ့အနက် ဒီနေ့မှာတော့ ဘယ်ဘက်သွေးဝင်ခန်းနှင့် ဘယ်ဘက်သွေးလွှတ်ခန်းကို ပိုင်းခြားပေးထားသည့် Mitral valve နှလုံးအဆို့ရှင် အစားထိုးကုသခြင်းအကြောင်း မျှဝေပေးသွားမှာဖြစ်ပါတယ်။

နှလုံးမှာ ဘယ်ဘက်သွေးဝင်ခန်းနှင့် ဘယ်ဘက်သွေးလွှတ်ခန်း ၊ ညာဘက်သွေးဝင်ခန်းနှင့် ညာဘက်သွေးလွှတ်ခန်း ဆိုပြီး အခန်း (၄)ခန်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ We care page/ Apollo page ရဲ့ နှလုံးနှင့်သွေးလှည့်အဖွဲ့အစည်းအကြောင်း (Heart & Circulatory system) post မှာလည်း အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

နှလုံးသွေးလှည့်အဖွဲ့အစည်းမှာ သွေးနောက်ပြန်စီးဆင်းတာမျိုးမရှိအောင် Heart valve – နှလုံးအဆို့ရှင် (၄)ခုနဲ့ ကန့်ထားသည်။

  1. Tricuspid valve (between right atrium & right ventricle)

(ညာဘက်သွေးဝင်ခန်းနှင့် ညာဘက်သွေးလွှတ်ခန်း ဆုံသည့်နေရာတွင် ရှိသည်)

  1. Mitral valve (between left atrium & left ventricle)

(ဘယ်ဘက်သွေးဝင်ခန်းနှင့် ဘယ်ဘက်သွေးလွှတ်ခန်း ဆုံသည့်နေရာတွင် ရှိသည်)

  1. Pulmonary valve (between right ventricle & pulmonary artery)

(ညာဘက်သွေးလွှတ်ခန်းနှင့် အဆုတ်သို့သွားသောသွေးလွှတ်ကြော ဆုံသည့်နေရာတွင်ရှိသည်)

  1. Aortic valve (between left ventricle & aorta)

(ဘယ်ဘက်သွေးလွှတ်ခန်းနှင့် သွေးလွှတ်ကြောမကြီး ဆုံသည့်နေရာတွင်ရှိသည်)

နှလုံးမှာ valve (အဆို့ရှင်) (၄) ခုရှိတဲ့အနက် ဒီနေ့မှာတော့ ဘယ်ဘက်သွေးဝင်ခန်းနှင့် ဘယ်ဘက်သွေးလွှတ်ခန်းကို ပိုင်းခြားပေးထားသည့် Mitral valve နှလုံးအဆို့ရှင် အစားထိုးကုသခြင်းအကြောင်း မျှဝေပေးသွားမှာဖြစ်ပါတယ်။

Mitral valve replacement (ဘယ်ဘက်သွေးဝင်ခန်းနှင့် ဘယ်ဘက်သွေးလွှတ်ခန်းကို ပိုင်းခြားပေးထားသည့် Mitral valve နှလုံးအဆို့ရှင် အစားထိုးကုသခြင်း) ဆိုသည်မှာ ပျက်စီးနေသော Mitral valve အစား a mechanical valve (သို့) bioprosthetic valve အစားထိုးခြင်းဖြစ်ပါတယ်။

Mitral valve replacement ကို လုပ်သောအခြေအနေတွေကတော့

  • When the valve becomes too tight (mitral valve stenosis) for blood to flow into the left ventricle or
  • (ဘယ်ဘက်သွေးလွှတ်ခန်းသို့ သွေးစီးဆင်းရာတွင် mitral valve ကျဉ်းနေခြင်းကြောင့် သွေးစီးဆင်းမှုမကောင်းခြင်း)
  • too loose (mitral valve regurgitation) in which case blood can leak back into the left atrium and thereby back into the lung
  • (mitral valve လျော့တိလျော့ရဲဖြစ်နေခြင်းကြောင့် ဘယ်ဘက်သွေးဝင်ခန်းသို့ သွေးများနောက်ပြန်စီးဆင်းမှုဖြစ်ကာ ထိုမှတစ်ဆင့် အဆုတ်ထဲသို့ရောက်သွားနိုင်သည်)
  • Mitral valve disease can occur from infection, calcification, inherited collagen disease, or other causes
  • (ရောဂါပိုးများဝင်ရောက်ခြင်း၊ calcium များအနည်ထိုင်ခြင်း၊ မွေးရာပါ collagen ရောဂါများ စသည်တို့ကြောင့် Mitral valve နှလုံးအဆို့ရှင် ထိခိုက်ခြင်း)

Artificial mitral valves (အစားထိုးလေ့ရှိသော mitral valve) အမျိုးအစားတွေကတော့

1)            Mechanical valves (made from metal and pyrolytic carbon – သတ္တုနဲ့ကာဗွန်ကိုအသုံးပြုပါတယ်)

2)            Bioprosthetic tissue (biological) valves (made from animal tissues – animal တွေရဲ့ တစ်သျူးစတွေနဲ့ လုပ်လေ့ရှိပါတယ်။ ၁၀နှစ်မှ ၁၅နှစ်အထိသာခံပါတယ်။ ထို့နောက် replacement ပြန်လုပ်ရပါတယ်)

Mitral valve အဆို့ရှင် အစားထိုးတဲ့အခါမှာ လူနာရဲ့အသက်၊ ကျန်းမာရေးအခြေအနေ၊ အစားအသောက်နေထိုင်မှုပုံစံတွေ ပေါ်မူတည်ပြီး Mechanical valve (သို့) Bioprosthetic tissue valve ကိုရွေးချယ်လေ့ရှိသည်။