Nurse Aid Training

  • ကိုယ်ပိုင်အတတ်ပညာတစ်ခုနဲ့ ခိုင်မာတဲ့အသက်မွေးဝမ်းကျောင်း တည်ဆောက်လိုပါသလား
  • အထက်တန်းပညာရေးအဆင့်နဲ့ အလုပ်ရှာမရလို့ စိတ်ညစ်နေပါသလား
  • ကိုယ့်အိမ်က လူကြီးမိဘတွေကို ကိုယ်တိုင်ပြုစုစောင့်ရှောက်လိုပါသလား
  • မိမိနှင့် မိသားစုအတွက် ကျန်းမာရေးဗဟုသုတများ တိုးပွားလိုပါသလား

WeCare Health Care Services မှ ဖွင့်လှစ်သင်ကြားနေသော သူနာပြုအကူ သင်တန်းကို တက်လိုက်ပါ။

သင်တန်းပြီးတာနဲ့ သေချာတဲ့ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်လို့ ဒီသင်တန်းကို တက်ရောက်ဖို့ လက်မလွှတ်လိုက်ပါနဲ့……..။

သင်တန်းပြီးဆုံးပါက ရရှိနိုင်မည့်အခွင့်အရေးများ

  • ကုမ္ပဏီ၏ ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် သူနာပြုလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း
  •  ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် ဆေးဆိုင်များတွင် ဝင်ရောက် လုပ်ကိုင်နိုင်ခြင်း
  • ‍ ဂျပန် နှင့် စင်္ကာပူ နိုင်ငံများရှိ ဘိုးဘွားရိပ်သာများတွင် Care Giver တယောက်အနေဖြင့် သွားရောက် လုပ်ကိုင်နိုင်ခြင်း

ဘယ်လိုသင်ပေးမှာလဲ?

  • ပြည်တွင်းပြည်ပ အတွေ့အကြုံရှိ သူနာပြုဆရာ/ ဆရာမများကိုယ်တိုင် ဦးစီးသင်ကြားပေးမှာပါ။
  • ထိရောက်တဲ့ သင်ရိုးတွေနဲ့ စာတွေ့သင်ခန်းစာများ
  • ပြင်ပဆေးရုံ (သို့မဟုတ်) ဘိုးဘွားရိပ်သားများ၌ လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးများ လက်တွေ့သင်ခန်းစာများ နဲ့ သင်ကြားပေးမှာပါ။

ဘယ်ဘာသာရပ်တွေကို သင်ကြားပို့ချပေးမှာလဲ

  • Anatomy and Physiology (ခန္ဓာဗေဒနှင့် ဇီဝကမ္မဗေဒ)
  • Pharmacology (ဆေးဝါးဗေဒ)
  • Nursing Procedures (အခြေခံသူနာပြုစုနည်းများ)
  • Maternal and Child Health Care (မိခင်နှင့်ကလေးကျန်းမာရေး ပြုစုစောင့်ရှောက်နည်းများ)
  • Special Diseases such as TB, HBV, HCV, HIV (ကူးစက်ရောဂါဝေဒနာရှင်များအား ပြုစု စောင့်ရှောက်နည်းများ)
  • Practical Training in Certain Hospital or Nursing Home (ပြင်ပဆေးရုံ၊ ဆေးခန်း (သို့မဟုတ်) ဘိုးဘွားရပ်သာ၌ လုပ်ငန်းခွင်အကြို လေ့ကျင့်သင်ကြားပေးခြင်း)

ပညာအရည်အချင်း

  • နဝမတန်း အောင်မြင်ပြီး သူများ
  • တက္ကသိုလ်ဝင်တန်း တက်ရောက်ဖူးသူနှင့် အောင်မြင်ပြီးသူများ နှင့် စိတ်ပါဝင်စားသူများတက်ရောက်နိုင်ပါသည်။
  • နယ်ဝေး သင်တန်းသား/သူများအတွက် အဆောင်စီစဉ်ပေးပါသည်။
  • ( မှတ်ချက်။ ။ စာသင်ချိန် ၅ ချိန် မှ ၁၀ ချိန်အတွင်း ပျက်ကွက်သူများ၊ ဘိုးဘွားရိပ်သာတွင် လက်တွေ့ မဆင်းသူများ၊ စာမေးပွဲ မဖြေသူများ၊ စာမေးပွဲ မအောင်မြင်သူများနှင့် သင်တန်း စည်းကမ်းမလိုက်နာသော သင်တန်းသား/သင်တန်းသူများအား အလုပ်အတွက် တာဝန်မယူပါ။)
  • သင်တန်းကာလ (၃)လ ကြာမြင့်မည် ဖြစ်ပါသည်။

Time Table For Nurse Aid Course

Course Date Day Start Time End Time
Nurse Aid 18-03-2019 Mon-Tue-Wed-Thu-Fri 02:00 PM 05:00 PM